Friday, November 12, 2010

၂၀၁၀ မယ်စကြဝဋ္ဌာပြိုင်ပွဲ နှင့် သင်ခန်းစာ

ယခုနှစ် Miss Universe မှ နောက်ဆုံး ဆန်ကာတင် ၅ ဦး အမေးအဖြေထဲ က ၂၀၁၀ မယ်စကြာဝဋ္ဌာဆုရ Miss Mexico နဲ. 4th Runner Up ဆုရ Miss Philippines တို. ရဲ့ မေးခွန်းနဲ. အဖြေလေးတွေကို ပြောပြချင်ပါတယ်။ သိပြီးတဲ့သူ ရှိနိင်ပေမယ့် မသိသေးတဲ့သူများ အတွက်ရည်ရွယ်တာပါ။

ဖြေလို့အကောင်းဆုံး မေးခွန်း နဲ့ ၂၀၁၀ ရဲ့ မယ်စကြဝဋ္ဌာဆု ကို ရ လိုက်တဲ့ မက္ကစီကိုမယ် နာဗရက်အတွက် မေးခွန်း ကတော့ …
“ယခုခေတ်လူငယ် တွေ အင်တာနက် ကို အထိမ်းအကွပ်မဲ့ အသုံးပြုမှု အပေါ်မှာ သူမ ဘယ်လိုမြင်ပါသလဲ”

တဲ့လေ။ သူ ဖြေ တာက တော့ ....
“အင်တာနက်ဟာ ခုခေတ်အချိန်အခါမှာ မရှိမဖြစ်တဲ့ အရာပါ ဒါပေမဲ့ လူငယ်တွေ ကို ကျွန်မတို့ဟာ ကျွန်မတို့သိထားတဲ့ အင်တာနက် ရဲ့ တန်ဖိုးကို မိသားစု အနေနဲ. ပြန်လည်သင်ကြား ပြသပေးဖို့အရေးကြီးပါတယ်” တဲ့

အမှန်တော့ ဒီအဖြေ ဟာ သူ မဖြေလည်း လူတိုင်းသိနေပါတယ် ..ခု အင်တာနက်ကို သုံးနေတဲ့ သူတွေ အားလုံး ဟာလည်း အကောင်း အဆိုး ကို အားလုံးဝေဖန်ပိုင်းခြား တတ်တဲ့သူတွေချည်းပါပဲ အဲဒီတော့ သူငယ်ချင်းတို့ အားလုံး လည်း အင်တာနက်မှ ရရှိလာတဲ့ သင်ခန်းစာတွေ ကို သိရုံမက လက်တွေ. အကျိုးရှိရှိအသုံးချနိုင်ကြပါစေနော်။

နောက်တစ်ယောက် ကတော့မေးခွန်းလေး က ကောင်းလျှက်သားနဲ. ..သူ့ အဖြေကြောင့် ဆု လွဲသွားခဲ့ ရတယ်လို့ ထင်မိတဲ့ ဖိလစ်ပိုင် မယ်လေး မာရီယာ ဗီးနပ် ရဂ်ျ ပါ ….

သူမ ကို အမေးခံရတဲ့ မေးခွန်းလေး ကတော့ ..

“ဘဝ မှာ ဘယ်လို အမှားကြီးကြီး ပြုလုပ်ဖူးပြီး အဲဒီ အမှား ကို ဘယ်လို မျိုး ပြန်လည်ပြုပြင် ယူခဲ့ပါသလဲ”

သူမ ပြန်ဖြေတဲ့ အဖြေလေး က တော့

“ကျွန်မ ဘဝ မှာ ယခု အသက် ၂၂ နှစ် အထိ တည်ရှိ နေတဲ့ တစ်ချိန်လုံး ဘယ်တုန်း က မှ ပြဿနာ အကြီးကြီး ကို မတွေ.ကြုံဖူးပါဘူး” တဲ့“သူမ ဟာ သူမ ကိုယ်သူမ နဲ. သူမ မိဘတွေ အပေါ်မှာအလွန် ကို ယုံကြည်မှူ ရှိပါတယ်”တဲ့

သူ ဒါ့ကြောင့်လည်း ဒီနေရာ ကိုရောက်လာတာလို့ ထင်မိပါတယ်။ ဒါမှမဟုတ် သူကိုယ်တိုင် အရမ်း ကို ယုံကြည်မှူ ရှိနေတာလဲ ဖြစ်နိုင်ပါတယ်။ တကယ်တော့ စင်ပေါ်ရောက်သွားရင် လျှပ်တပျက်မေးခွန်းတွေ ကို ဖြေရတာ အရမ်း ကို ခက်ခဲ လှပါတယ် ။ ဒါပေမဲ့ ဘယ်သူမှ မပြည့်စုံ တဲ့ ကမ္ဘာလောကကြီး မှာ အဲသလို အဖြေမျိုး က ရုပ်တည်မရှိပါဘူး…..

သူ ဘယ်လို ပဲဖြေဖြေ ကိုယ့်ကိစ္စတော့ မဟုတ်ပါဘူး ..ဒါပေမဲ့ အဲဒီ မေးခွန်းဟာ လူသားတိုင်းအတွက် သက်ဆိုင်ပါတယ် အထူးသဖြင့် လူငယ်တွေအတွက်ပေါ့ ..ဒီလိုမေးခွန်းမျိုးက အလုပ်ဝင်ခွင့်အင်တာဗျူးတဲ့ နေရာမှာ  မေးလေ့ ရှိတဲ့ ဆိုက်ကို မေးခွန်း လေးပါ ……ကျွန်မကိုယ်တိုင်လည်းကြုံဖူးပါတယ်။

ကဲ သူငယ်ချင်းတို့လည်း ကိုယ့် ကို သာ အဲသလို မေးခွန်းမျိုး မေးလာခဲ့ ရင် ဘယ်လို များ ပြန်လည် ဖြေကြားမလဲ။ ကိုယ့်ဘဝမှာရော အဲဒီလို အမှားမျိုး ကျူးလွန်မိခဲ့ဖူးလား ပြုလုပ်ခဲ့ဖူးတယ် ဆိုရင်ရော ကိုယ် ဘယ်လိုများ ပြန်လည်ပြင်ဆင်ပြီး သင်ခန်းစာ ယူခဲ့ဖူးတယ် ဆိုတာ အမြဲသတိရနေပြီး နောက်ကြုံလာမယ့် အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ ခွန်အားဖြစ်စေချင်ပါတယ်။

ဒါလေးက အမေးအဖြေ ဗီဒီယိုဖိုင်လေးပါ။



~~~~သူငယ်ချင်း အားလုံး ကို ခင်မင်လျှက် ~~~~~~

No comments:

Post a Comment