Friday, November 12, 2010

ဘားတိုက်ထဲက မျောက်ကလေး

 
အင်မတန်မှ မျက်စိနောက် စရာကောင်းရပါသော ကျွန်မ ကို မြင်တော့ ဦးလေး က သူ တပ်ထဲ မှာ နေခဲ့စဉ် က မျောက်ကလေး တစ်ကောင် အကြောင်း ကို သတိတရ ပြောပြဖူး၏။ သူ.အတွေ.အကြုံ နဲ.အတူ သင်ခန်းစာ ယူစရာ ကောင်းတဲ့ အင်မတန်မှ လူသားဆန်တဲ့ ဖြစ်ရပ်လေး တစ်ခုပင် ဖြစ်သည်။

သူတို. ရှေ.တမ်း ထွက်ရာတွင် တောထဲ မှ မျောက်ကလေး တစ်ကောင် တွေ.၍ ဖမ်းယူခဲ့သည်။ ထို မျောက်ကလေး မှာ လူတွေ ပြောတတ်သည့် မျောက်ရှူံးအောင် ဆော့သည်ဆိုသော မျောက်တို. ၏ သဘာဝ အတိုင်း သူတို. ၏ ဘားတိုက် အမျိုးသားဆောင်ထဲတွင် သူတို. တပ်သားများ မျက်စိနောက် လောက်အောင် အမြဲ ဆော့နေတတ်သည်။

ထိုအခါ သူတို.သူငယ်ချင်းတစ်စုက သည်းမခံနိုင် တော့ သဖြင့် ယောင်္ကျားလေးများ၏ဓလေ့ အတိုင်း ထိုမျောက်ကလေးအား ခြေဖြင့် ကန်သူ က ကန်၊ ဆေးလိပ်မီးဖြင့် တို.သူ က တို.၊ သူတို. စိတ်မထင် လျှင် မထင်သလို ကိုင်ပေါက်သူ က ကိုင်ပေါက်နှင့် မျောက်ကလေး ကို နှိပ်စ်လေ့ရှိကြသည်။ တစ်ယောက်မှ သူ.အား ပစ္စည်းဖြင့် ပေါက်လိုက်လျှင် နောက် တစ်ယောက်ထံ ပြေး၊ ထို တစ်ယောက်မှ နားရင်းထပ်ရိုက်လိုက် စသည်ဖြင့် မျောက်ကလေးမှာ မျောက်ရှူံးအောင် မဆော့နိုင်တော့သည့်အပြင် နေစရာ နေရာမရှိအောင် လန်.ဖြတ်နေတတ်လေသည်။

ဤသို.ဖြင့် တစ်နေ.သော် သူတို.တပ်သားများ ထမင်းစားနေချိန်၌ ထိုမျောက်ကလေးမှာ ပဲဟင်းအိုးကြီး၏ အပေါ်ရှိ ထုတ်တန်းပေါ် သို. ငေးငေးငိုင်ငိုင်ဖြင့် တက်သွားလေ၏။ တပ်သားများမှာ သူ.အားထူးဆန်းစွာ ကြည့်နေကြသည်။ မျောက်ကလေးမှာလည်း တပ်သားများအား တလှည့်၊ ပဲဟင်းအိုးကြီးအားတစ်လှည့်  ကြည့်ရင်း ဖြင့် နောက်ဆုံးတွင် ပဲဟင်းအိုးကြီးထဲ သို. ခုန်ဆင်းပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံလိုက် လေသည်။

ထို.အတူ ကျွန်မ၏ ပေါက်တတ်ကရ လုပ်ရပ်များကို သည်းမခံနိုင်သည့် အချိန်များ၌ အကို မှ “နင် ပဲဟင်းအိုးထဲ ခုန်ချတဲ့ မျောက်ကလေး ဘ၀ ရောက်ချင်သလား” ပြောလျှင် ဦးလေး က “မင်း ငါ့သမီး ကို အဲလို ပြောစရာလား၊ သမီးဆီပြန်လေးတော့ လုပ်နော်” ဟု ကျွန်မအား ဤအဖြစ်ပျက်လေးဖြင့် နောက်ပြောင်နှိပ်စက်လေ့ရှိကြသည်။

ဤမျောက်ကလေး၏ဖြစ်ရပ်မှာ ကျွန်မအတွက် နောက်ပြောင်စရာ ဆိုသော်လည်း အမှန်မှာ မျက်ရည်စို.ဖွယ်ရာ ဖြစ်ရပ်လေးပင်။ လူသားပင် မဆိုထားနှင့် တိရိစ္ဆာန်များပင်လျှင် ပတ်ဝန်းကျင်၏ ဖိစီးနှိပ်စက်ခြင်းဒဏ် ကို မခံရပ်နိုင်တော့သဖြင့် မိမိကိုယ်ကို သေကြောင်းကြံမိလေသည်။ အသိဥာဏ်ရှိသော လူသားတို. အတွက် ဆင်ခြင်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ပင်။ ။

ခံစားမိသည် ကို စိတ်ထဲ ရှိသလို ရေးထားမိပါသည်။ အရေးအသား ညစ်ညောမှုမရှိသော်လည်း ဆင်ခြင်နိုင်ဖွယ်ရာ ဖြစ်ရပ်လေး တစ်ခု ဟု ယူဆမိသဖြင့် မျှဝေမိပါသည်။
 
လေးစားစွာဖြင့်-အရိုင်းပန်း@ဧဝ

No comments:

Post a Comment